Data

  • |

    Essential Linux Commands

    နည်းပညာနဲ့ ပတ်သက်ပြီး Video Contents လုပ်နေသူတွေ အနေနဲ့ ဒီ Commands တွေကို Screen Record လုပ်ပြီး Video Contents လုပ်ရင် အပုဒ် ၉၀ ကျော် ရမယ်။ TikTok ၊ Facebook ၊ YouTube မှာ တင်ရင် ရတာပေါ့။ ပြည်ပကို ရောက်နေသူတွေ ဆိုရင်တော့ Monetization အခွင့်အလမ်း ရှိမယ်။ ပြည်တွင်းက ဆိုရင်တော့ ကြော်ငြာ နည်းနည်းပါးပါး ရရင်တော့ မဆိုးလောက်ပါဘူး။ စမ်းကြည့်ကြပါလား။

  • မိုးဇလ ကိန်းဂဏန်း ဒေတာဆက် ရှင်းလင်းခြင်း

    ဘာကြောင့် ဒီ Note ကို ရေးသလဲ ဆိုရင် Real World Data ရှင်းလင်းရေးဟာ Kaggle က Dataset တွေကို လေ့ကျင့်ခန်း လုပ်သလို လွယ်ကူ မနေမှန်း လေ့လာခါစ လူငယ်တွေ သိအောင်နဲ့ အလားတူ ပြဿနာမျိုးနဲ့ ကြုံလာရင် ကွက်ကျော်ကွက်နင်း Bypass/Hack လုပ်ပြီး ရှင်းတာမျိုးကို ပြန်သုံးချင်သူတွေ သုံးလို့ ရအောင် ရေးတာပါပဲ။ ဘာ ကျေးဇူးမှ မတင်ပါနဲ့။

  • ခန့်မှန်းသုံးသပ်တွက်ချက်မှု (Prediction) ထွေရာလေးပါး

    ဂူထဲက တစ်ယောက်က ကျောက်ခေတ်စကားနဲ့ “အော်တက … မော်တကဲ … လော်တကိုက် … ထော်တကွက် … ဖော်တကို့ … လော်တကို … ပြော်တကီ” လို့ ပြောတယ် (ကျောက်ခေတ်စကား-မြန်မာစကား ဘာသာပြန် – အမဲလိုက်ထွက်ဖို့လိုပြီ)။ ကျောက်လိုဏ်ဂူသူကြီးက ဒီ အချိန် အမဲလိုက် ထွက်လို့ မရဘူး။ ဒီလောက် မိုးတောလေတောထဲ ဘာကောင်မှ ထွက်မှာ မဟုတ်ဘူး။ နောက်ထပ် သုံးည ကျော်ရင် မိုးတိတ်ပြီ။ မိုးတိတ်တော့မှ အမဲလိုက်၊ ထင်းခွေ လုပ်လို့ ရမယ်လို့ ပြန်ပြောတယ်။ နောက် သုံးရက်နေရင် မိုးတိတ်မယ် ဆိုတာကို မင်း ဘယ်လိုလုပ် သိသတုန်း လို့ တစ်ယောက်က ပြန်မေးတယ်။

  • AI ကို သုံးတဲ့ Phishing Attack

    AI ကို တိုက်ခိုက်ရေးဘက်က သုံးလာရင် ကာကွယ်ရေးဘက်က တုံ့ပြန်မှုတွေလည်း လုပ်ကြမှာပါပဲ။ ပြည်တွင်းမှာ ဘဏ်တွေက ကြိုပြင်သင့်တယ်။ အခုလည်း ဘဏ်တွေက သတိပေးချက်တွေ ထုတ်တာ ရှိပေမယ့် လူ စိတ်ဝင်စားမှု နည်းတယ်၊ ပြန်နှံ့မှု နည်းတယ်လို့ (ကိုယ့် တစ်ဦးတည်း အမြင်) ယူဆပါတယ်။ Brand Ambassador တွေ ထားပြီး Tech Ambassador တွေလည်း ထားသင့်တယ်။ ပြည်တွင်းမှာ လူ နားလည် လွယ်အောင် ရှင်းပြ၊ ပြောပြနိုင်စွမ်း ရှိတဲ့ ကျွမ်းကျင်သူတွေ ရှိပါတယ်။