Sphere Entertainment Venue အကြောင်း

Matteo Milleri (Anyma) ရဲ့ DJ Concert ကို TikTok မှာ စပြီး မြင်ဖူးတော့ Visual တွေကို ကြိုက်သွားတယ်။ ကြည့်နေရင်းနဲ့ Screen က တစ်မျိုး ဖြစ်နေပါလား ဆိုပြီး ကြည့်တော့ Sphere Entertainment Venue ဆိုတာကို တွေ့တယ်။ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ ဆောက်လုပ်ရေး၊ အီလက်ထရောနစ် တီထွင်ဆန်းသစ်မှု၊ ရုပ်ရှင်ထုတ်လုပ်ရေးပါ။

Sphere Entertainment Venue အကြောင်းကို ရှာဖွေကြည့်တော့ Vlog တွေ လုပ်ထားတာ တွေ့တယ်။ ဒီ အဆောက်အဦ တည်ဆောက်မှု ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂.၃ ဘီလီလျံလို့ ဆိုတယ်။ ၂၀၁၈ မှာ စပြီး တည်ဆောက်ပြီး ၂၀၂၃ စက်တင်ဘာမှ စတင် လည်ပတ်တယ်။ ဒီလို Next Level Entertainment Venue တစ်ခုကို ၅ နှစ် အတွင်း တည်ဆောက်နိုင်တယ်။

မြင်ကွင်းတွေကို ၁၆၅ ဒီဂရီ ကြည့်လို့ ရတယ်။  အခု အချိန်အထိ ကမ္ဘာပေါ်မှာ Sphere Entertainment Venue က တစ်ခုပဲ ရှိသေးတယ်။

Engineering ကိစ္စတွေကို Animation နဲ့ ကြည့်ချင်ရင် ဒီ Video က ပိုကောင်းတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *