rClone Sync Tool

လွန်ခဲ့တဲ့ သုံးလေးငါးရက်တုန်းက လုပ်ငန်းခွင်မှာ Backup Data (Database) တွေကို Google Drive/OneDrive နဲ့ ချိတ်ပြီး Synchronization လုပ်ဖို့ လိုလာတာကြောင့် ဖြေရှင်းနည်း လိုက်ရှာရင်းနဲ့ rClone (https://rclone.org/) ကို တွေ့တယ်။ Command-line ဖြစ်တဲ့ အတွက်ကြောင့် User-friendly မဖြစ်ပေမယ့် အင်မတန် အသုံးတည့်တယ်။ အထူးသဖြင့် Backup ကိစ္စတွေနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ မူဝါဒ ချမှတ်ထားတဲ့ အဖွဲ့အစည်းတွေမှာ အလုပ် လုပ်နေသူတွေ အတွက် အဆင်ပြေနိုင်တယ်။

  • ဥပမာ Website (WordPress) ဆိုပါစို့။ WordPress ရဲ့ MySQL Database ကို တစ်ရက် တစ်ခါ ဒါမှမဟုတ် တစ်ပတ် တစ်ခါ အချိန် သတ်မှတ်ပြီး Script ရေး၊ Cron Scheduler နဲ့ Database Export လုပ်မယ်။ ဒီ File တွေက Server မှာ ရှိနေမယ်။
  • Database တွေ ဖောင်းပွမှု မဖြစ်အောင်၊ Storage ပမာဏ အလဟဿ မဖြစ်အောင် နောက်ဆုံး Export လုပ်ထားတဲ့ MySQL DB သုံးခုကိုပဲ ချန်ထားမယ်။ ကျန်တာတွေကို Scheduler နဲ့ Run တဲ့ Script က ဖျက်ပစ်မယ်။
  • Server မှာ ရှိနေတဲ့ MySQL DB (သုံးခု) ကို Google Drive ဒါမှမဟုတ် OneDrive နဲ့ ချိတ်ပြီး Synchronization လုပ်မယ်။ ဒါဆိုရင် Cloud ထဲ ထည့်ထားတဲ့ Backup ရပြီ။ Google OneDrive ကို Laptop မှာ Install လုပ်ထားရင် Cloud File/Folder တွေကို Access ရပြီ။

ကိုယ် သုံးတဲ့ Workflow က ဒီလောက်ပဲ။ တကယ်တော့ ဒီ Workflow က အတော့်ကို ရိုးရှင်းပါတယ်။ rClone နဲ့ တခြား လုပ်လို့ ရတာတွေ ရှိပါသေးတယ်။ Encryption လုပ်လို့လည်း ရတယ်။ အတော့်ကို အသုံးတည့်တဲ့ Tool ပါပဲ။ Sync လုပ်လို့ ရတဲ့ Service တွေကလည်း အများကြီးပါပဲ။

သုံးလို့ရတဲ့ Service စာရင်း — 1Fichier, Akamai Netstorage, Alibaba Cloud (Aliyun) Object Storage System (OSS), Amazon S3, Backblaze B2, Box, Ceph, China Mobile Ecloud Elastic Object Storage (EOS), Arvan Cloud Object Storage (AOS), Citrix ShareFile, Cloudflare R2, Cloudinary, DigitalOcean Spaces, Digi Storage, Dreamhost, Dropbox, Enterprise File Fabric, Fastmail Files, Files.com, FTP, Gofile, Google Cloud Storage, Google Drive, Google Photos, HDFS, Hetzner Storage Box, HiDrive, HTTP, iCloud Drive, ImageKit, Internet Archive, Jottacloud, IBM COS S3, IDrive e2, IONOS Cloud, Koofr, Leviia Object Storage, Liara Object Storage, Linkbox, Linode Object Storage, Magalu, Mail.ru Cloud, Memset Memstore, Mega, Memory, Microsoft Azure Blob Storage, Microsoft Azure Files Storage, Microsoft OneDrive, Minio, Nextcloud, OVH, Blomp Cloud Storage, OpenDrive, OpenStack Swift, Oracle Cloud Storage Swift, Oracle Object Storage, Outscale, ownCloud, pCloud, Petabox, PikPak, Pixeldrain, premiumize.me, put.io, Proton Drive, QingStor, Qiniu Cloud Object Storage (Kodo), Quatrix by Maytech, Rackspace Cloud Files, rsync.net, Scaleway, Seafile, Seagate Lyve Cloud, SeaweedFS, Selectel, SFTP, Sia, SMB / CIFS, StackPath, Storj, Synology, SugarSync, Tencent Cloud Object Storage (COS), Uloz.to, Uptobox, Wasabi, WebDAV, Yandex Disk, Zoho WorkDrive, and the local filesystem

ဒီ Tutorial ကို ကြည့်ပြီး လိုက်လုပ်ရင် အဆင်ပြေပါတယ်။ အပြောင်းအလဲ နည်းနည်းပါးပါးပဲ ရှိပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *