Pink Floyd ရဲ့ The Endless River

Pink Floyd မြန်မာပရိသတ်က သိပ် မများပေမယ့် နည်းလှမယ်တော့ မထင်ပါဘူး။

ကိုယ့်ကို ဂစ်တာတီး သင်ပေးသူတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အသိအကျွမ်းတွေထဲမှာတင် Pink Floyd ကြိုက်သူ‌တွေ တော်တော်များများ ရှိတာ သတိထားမိတယ်။ သူတို့ အားလုံးရဲ့ ယေဘုယျ တူညီတဲ့ အချက်ကတော့ ဆေးခြောက်ကြိုက်တာပဲ။ ဆေးခြောက်လေး သောက်ပြီး Pink Floyd သီချင်း နားထောင်ရင် တယ်ကောင်းဆိုပဲ။

ကိုယ်ကတော့ David Gilmour ရဲ့ Stratocaster ဂစ်တာသံကို သဘောကျတာ။ Pink Floyd သီချင်း တစ်ပုဒ်လောက် တီးတတ်အောင် လေ့ကျင့်ဦးမှဆိုပြီးတော့ နာမည်ကျော် “Wish You Were There” ကို တီးဖူးတယ်။ Intro မှာ တီးထားတဲ့ Guitar Lick ကို ကျင်ကျင်လည်လည် တီးတတ်တယ်။ Solo ကိုတော့ မလေ့ကျင့်ဖူးဘူး။ ထပ်ပြီး လေ့ကျင့်ဖို့ အကြောင်းကတော့ မရှိတော့ဘူး ထင်ရတာပဲ။

ဒီညနေ YouTube ကို ကြည့်ရင်း Pink Floyd ရဲ့ The Endless River အခွေကို Music Video လုပ်ထားတာ ကြည့်ဖြစ်တယ်။ တစ်နာရီ နီးပါး (၅၃ မိနစ်ကျော်) ရှည်တော့ အကုန်ပြီးအောင်တော့ မကြည့်ရသေးဘူး။ Pink Floyd ပရိသတ်တွေ မကြည့်ရသေးရင် ကြည့်ရမယ့် MV ပါပဲ။ ဒါရိုက်တာရဲ့ နာမည်က Ian Emes တဲ့။ ဟိုးအရင်ကတည်းက Pink Floyd နဲ့ လက်တွဲပြီး အလုပ်လုပ်ဖူးသူလို့ ရေးထားတယ်။

အချိန်ပေးပြီး အသေးစိတ် ကြည့်ရှုခံစားရင် အရုပ်တွေနဲ့ အသံတွေရဲ့ တွဲဖက်မှုက သဘောကျစရာ။ ရှမ်းကြိုက်ရင် နွားချောဆိုသလိုပေါ့။ MV က Psychedelic ဖြစ်တယ်လို့ ပြောရမယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *