Perplexity AI Comet Browser

Perplexity AI က Comet လို့ နာမည်ပေးထားတဲ့ AI-native Browser ထွက်မယ် ဆိုတဲ့ သတင်းကို တွေ့မိတာ ၁-၂ ပတ် ရှိပြီ ထင်တယ်။ ဒီနေ့ Perplexity AI ဖွင့်သုံးတော့ Download လုပ်ဖို့ ပြောတယ်။ ဒါနဲ့ စမ်းကြည့်ဖြစ်တယ်။ အဆင်ပြေတယ်။
အခု စျေးကွက်ထဲမှာ ရှိနေတဲ့ Browser တွေလည်း မကြာခင် ဒီလိုပဲ ဖြစ်သွားတော့မယ် ထင်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်မှာ Browser Address Bar မှာ Google Search URL သီးသန့် ကိုယ့်ဖာသာ ပြန်ထည့်ရတာ မှတ်မိတယ်။ နောက်တော့ Browser မှာ Search Engine တွေ ချိတ်ဆက်မှုကို ထည့်ပေးလိုက်တယ်။ အခု AI ဖြစ်သွားပြီ။
ကိုယ်လည်း AI ပေါ်လာတဲ့ နောက်မှာ Search Engine သုံးတာ တော်တော် နည်းသွားတယ်။ အရင်တုန်းက တစ်နေ့ကို Google Search လုပ်တာ ပျမ်းမျှ (အနည်းဆုံး) ၃၀-၄၀ ရှိတယ်။ အခုတော့ တစ်နေကုန်လို့ ၁-၂ ကြိမ်ပဲ ရှိတော့တယ်။
ငါ Google Search မလုပ်ဘဲ AI က Feed လုပ်တာကိုပဲ သုံးနေတာ မဟုတ်သေးဘူးလို့ တွေးမိတယ်။ တစ်ဘက်မှာကျတော့လည်း လိုချင်တဲ့ အချက်အလက်က AI ကနေ ကွက်တိနီးပါး ရနေတော့လည်း Search လုပ်တာ အချိန်ကုန်တာပဲ အဖတ်တင်တယ်လို့ တွေးမိတော့တယ်။