n8n AI Workflow Automation Software ကို စမ်းကြည့်ဖြစ်
AI Workflow Automation Software တွေနဲ့ မရင်းနှီးလို့ n8n အသုံးတွင်နေတာကို မသိပါဘူး။ ဒီရက်ပိုင်းအတွင်း လုပ်ငန်းခွင်မှာ ထပ်ခါတလဲလဲ လုပ်နေရတဲ့ ကိစ္စတွေကို Automation လုပ်ပေးမလို့ ကြည့်တော့မှ n8n က တော်တော် နာမည်ကြီးတာကို တွေ့ပါတယ်။
Docker သုံးပြီး Local မှာပဲ စမ်းကြည့်ဖြစ်ပါတယ်။ သုံးရတာ တော်တော် လွယ်တယ်၊ မြန်တယ်၊ အဆင်ပြေတယ်။ n8n အလုပ် လုပ်ပုံကို နားလည်အောင် Local မှာ စမ်းနေတာဖြစ်လို့ တစ်ချို့ Authentication လုပ်တာတွေကိုတော့ မလုပ်ဖြစ်သေးပါဘူး။

ကိုယ် လက်ရှိ စဉ်းစားမိသလောက်၊ ဖတ်မိသလောက် အသုံးပြုတဲ့နည်းလမ်းတွေက –
၁။ တစ်နေ့တစ်နေ့ Email တွေ အများကြီး လက်ခံရရှိတဲ့ CEO/Saleperson ဆိုပါစို့။ Email ဖတ်ရရတာ အချိန်ကုန်မယ်။ n8n နဲ့ Automation လုပ်ပြီးတော့ Email အကျဉ်းချုပ် လုပ်တာ၊ Email Attachment တွေကို တစ်နေရာရာမှာ သိမ်းတာ၊ Email အကြောင်းပြန်တာ လုပ်လို့ ရမယ်။
၂။ ဌာနပေါင်းစုံက ပို့လာတဲ့ Excel/Google Sheets အစရှိတာတွေကို စုစည်းတာ၊ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင် ပြင်ဆင်တာ၊ Summary Statistics တွက်တာချက်တာ အစရှိတာတွေကိုလည်း လုပ်လို့ ရမယ်။
၃။ CV/Resume Preparation Service လုပ်လို့ ရနိုင်တယ်။ n8n နဲ့ Form လုပ်၊ CV Data ဖြည့်ခိုင်း၊ အတွေ့အကြုံ ဘာညာကို ဂဏန်း ထည့်လို့ ရအောင် လုပ်၊ Industries ဘာညာကို Category ရွေးလို့ ရအောင် လုပ်ပေးထားလိုက်။ Target Company ဘာညာ ထည့်လို့ ရအောင် လုပ်။ ပြီးရင် AI တစ်ခုခု သုံးပြီး CV ရေးခိုင်း။ Output ကို .md နဲ့ ထုတ်ရင် ထုတ်၊ ဒါမှမဟုတ် HTML (Template ၂-၃ ခု ပြင်ထား) နဲ့ပဲ ထုတ်။ ထွက်လာတဲ့ Output ကို PDF Generate လုပ်။ ပြီးရင် PDF ကို Email/Telegram/WhatsApp ဆီ ပြန်ပို့။ PDF ကို JPG/PNG ပြောင်း၊ Zipped လုပ်ပေးရင် သုံးတဲ့သူ ပိုပြီး အဆင်ပြေမယ်။ Workflow Trigger လုပ်တာကို ငွေလွှဲပြေစာ Screen Shot ရမှ Manual လုပ်လို့ ရမယ် ထင်တယ်။ K-Pay ရောက် မရောက်က လူနဲ့ပဲ ကြည့်ရမယ့် သဘောထင်ပါတယ်။
၄။ နောက်ဆုံး 2D/3D တောင် ရောင်းလို့ ရတယ်။ ဥပမာ n8n နဲ့ Form တစ်ခု ဆောက်။ နာမည် Field ထည့်၊ 2D ထိုးမှာလား၊ 3D ထိုးမှာလား ရွေးစရာ Dropdown Field ထည့်၊ ဖုန်းနံပါတ် Field ထည့်၊ ထိုးဂဏန်း ဖြည့်ဖို့ Field တစ်ခုထည့်၊ R မှာလား ဆိုတာကို ရွေးချယ်ဖို့ Checkbox Field တစ်ခု ထည့်။
2D/3D ထိုးမယ့်လူက Form ဖြည့်လိုက်ရင် Telegram မှာ လာပြီး Notification တက်။ Automation မှာ Filter တစ်ခါတည်း ထည့်ထားရင် ဘယ်ဂဏန်းတွေ ဘယ်လောက် ကျန်သေးသလဲ ဆိုတာပါ Notification မှာ ထည့်လို့ရ။
ဥပမာ 3D ထိုးမယ့်လူက က နံပါတ် ၁၂၃ ကို တစ်ထောင်ဖိုး ထိုးချင်တယ်။ ဒိုင်ရဲ့ လက်ခံနိုင်တဲ့ ပမာဏ (အောဒိုင် မဟုတ်ရင်) က ငါးထောင်ဖိုး ဆိုပါစို့။ နံပါတ် ၁၂၃ အတွက် ထိုးကြေး ဘယ်လောက် တက်ပြီးပြီ၊ ဘယ်လောက် ကျန်သေးတယ် ဆိုတာကို ထည့်လို့ ရ။
နောက်ထပ် အဆင့်တွေ – ငွေပေးချေမှုကိစ္စ၊ ၁၅ ရက် တစ်ပတ် စာရင်းချုပ် တွက်ပေးတဲ့ ကိစ္စ၊ ထိုးသားဆီကို Telegram ကနေ အကြောင်းပြန်တဲ့ ကိစ္စတွေ ထည့်ချင်ရင် ထည့်လို့ ရသေးတယ်။ တခြား စိတ်ကူးပေါ်ရင် ပေါ်သလို လုပ်လို့ ရမှာပေါ့။
လိုတိုရှင်း ပြောရင် ပြည်တွင်းက Remote လုပ်နေတဲ့ လူငယ်တွေ ဒီ n8n ကို Service ပေးရင် ရလောက်တယ်။ ဥပမာ ဟိုတယ်လုပ်ငန်းတွေ၊ Online ရောင်းဝယ်မှုတွေ၊ Social Media Content Generation ကိစ္စတွေ စသဖြင့် လုပ်လို့ ရတယ်။ Service တစ်ခု အဖြစ် လုပ်ရင် လုပ်လို့ ရလောက်မယ် ထင်ပါတယ်။
n8n
Website: https://n8n.io/
GitHub: https://github.com/n8n-io/n8n
Video Tutorials
Install n8n On Your PC for FREE – YouTube
Make n8n Public for FREE: The Ultimate Docker + Ngrok Setup! – YouTube
Automate Your Daily Email Summaries with n8n + OpenAI – YouTube
Build an Email Summary AI Agent LIKE a PRO in n8n! (No Coding) – YouTube
n8n Tutorial for Beginners: How to Build AI Automations for FREE (Step-by-Step) – YouTube
N8N Tutorial: Build N8N Whatsapp Chatbot! (Easy Method) – YouTube
Create Social Media Content in Seconds! AI Agent with n8n, OpenAI, & Notion (Full Tutorial) – YouTube
This n8n AI Agent will AUTOMATE your Social Media – YouTube
Extract JSON data with many items – N8N – YouTube
n8nနဲ့2d;3dရောင်းနည်းလေးလုပ်နည်းလေးတင်ပေးပါလားး
မအားသေးလို့ပါဗျာ။ သိပ်တော့ ခက်လှတာ မဟုတ်ပါဘူး။ Google Form > Google Sheet (Form Data) > OpenAI Parse > Google Sheet (Recording) ဆိုရင် ရလောက်ပါတယ်။ ငွေစာရင်း ချုပ်တာ ဘာညာကတော့ သာမန် Excel Function တွေနဲ့ လုပ်လိုက်ရင် ရပါတယ်။ ရဲ လာဖမ်းလို့ ကွန်ပြူတာ သိမ်းတဲ့ အခါမှာ သက်သေတွေ လက်ထဲမှာ မရှိစေချင်ရင် Cloud မှာ Data တွေ သိမ်းထားလိုက်ပေါ့။ ဒါဆိုရင် အဆင်ပြေသွားမှာပါ။