သမီးကို ကွန်ပြူတာ ပရိုဂရမ်းမင်းနဲ့ စပြီး မိတ်ဆက်

သမီး အသက် ၅ နှစ် ပြည့်ပြီ၊ သူငယ်တန်းလည်း တက်နေပြီ ဆိုတော့ကာ ကွန်ပြူတာ ပရိုဂရမ်မင်းနဲ့ ရင်းနှီးမှု ရှိအောင်၊ ထိတွေ့မှု ရှိအောင် ဆိုပြီး Scratch နဲ့ ဒီနေ့ စဖြစ်တယ်။

အသက် ငယ်လွန်းတော့ အာရုံ စူးစိုက်နိုင်တဲ့ အချိန်ကတော့ တိုတယ်။ ကွန်ပြူတာ ပရိုဂရမ် အလုပ် လုပ်ပုံကို ပြောတာ မဟုတ်ဘဲ ထိတွေ့မှု ရှိအောင်၊ ရင်းနှီးမှု ရှိအောင် လေ့ကျင့်ပေးတဲ့ အနေအထားပဲ လုပ်လို့ ရပါတယ်။ ကွန်ပြူတာ ကီးဘုတ်က Spacebar ကို နှိပ်ရင် Scratch ထဲက အရုပ် (ဒိုင်နိုဆော) က ခြေလှမ်း ၁၀ လှမ်း သွားမယ်။ ပြီးရင် သူ့နာမည် “Khin Pyae” ကို ပြမယ်။

ဒီ Block တွေကတော့ လူကြီးက လုပ်ပေးရပါတယ်။ ဒါကလည်း ပထမဦးဆုံးနေ့ ဖြစ်တဲ့ အတွက်ကြောင့်ပါ။ နောက်ပိုင်း သူ စာလုံးတွေ ဖတ်တတ်သွားရင် သူ စမ်းကြည့်လို့ ရမယ်။ အဓိကကတော့ အခေါ်အဝေါ်တွေ (Event, Control, Operators စသဖြင့်) နဲ့ ရင်းနှီးမှု ရအောင်၊ နားရည်ဝအောင် လုပ်ပေးတဲ့ အခြေအနေလောက်ပါပဲ။

ဒီ လေ့ကျင့်ခန်း လုပ်ပေးနေရင်းနဲ့ –

၁။ ပြည်တွင်းမှာ Programming ကျွမ်းကျင်တဲ့ လူငယ်လူရွယ်တွေ အများကြီး ရှိတယ်။ တစ်ချို့ကလည်း လက်ရှိ အခြေအနေကြောင့် အလုပ်အကိုင် အခွင့်အလမ်း မရှိဘူး။ ဝင်ငွေ မရှိဘူး။ အခက်အခဲ ဖြစ်နေတယ်။

၂။ AI တွေ ဘယ်လိုပဲ ကောင်းကောင်း Programming အခြေခံကိုတော့ ကလေးတွေ သိဖို့ရာ လိုနေဦးမှာပဲ။ စျေးကွက်လည်း ဆက်ပြီး ရှိနေဦးမယ်လို့ ထင်ပါတယ်။

၃။ Programming ကျွမ်းကျင်တဲ့ လူငယ်လူရွယ်တွေ အနေနဲ့ Scratch ကို အချိန် နည်းနည်းပေး၊ နောက်ပြီး ကလေးတွေရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်မယ့် Scratch သင်ရိုးညွှန်းတမ်း (လေ့ကျင့်ခန်းလေးတွေ) ကို AI အကူအညီနဲ့ ထုတ်ရင် ရပါတယ်။ Scratch ကို AI တွေ ကောင်းကောင်း သိတယ်။

၄။ ကလေးတစ်ယောက်ကို တစ်ပတ်မှာ နှစ်နာရီကြာ သင်ကြားမှု နှစ်ကြိမ် လုပ်။ သင်ကြားမှု တစ်ကြိမ်မှာ ၁၅ မိနစ် ပြည့်တိုင်း တစ်ခါ နား။ ပြီးရင် လေ့ကျင့်ခန်း ပြန်လုပ်။ ကလေးတွေ စိတ်ဝင်စားမယ့် ကိစ္စနဲ့ လိုက်ဖက်မယ့် Scratch သင်ရိုးညွှန်းတမ်းကို အပြောင်းအလဲ လုပ်။ ဆိုလိုတာက ပုံသေ သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်း အတိုင်း သင်တာ မဟုတ်ဘဲ အပြောင်းအလဲ လိုအပ်သလို ကြည့်လုပ်။

၅။ ကလေး တစ်ယောက်ကို တစ်လ သုံးသိန်းနဲ့ သင်။ ဆယ်ယောက်ဆိုရင် သိန်း ၃၀ ပဲ။

စိတ်ဝင်စားတဲ့ လူငယ်တွေ စမ်းကြည့်စေချင်ပါတယ်။ တကယ် အသင်အပြ ကောင်းပြီး စိတ်ချရရင် အလုပ်ဖြစ်မှာပါပဲ။ သမ္မာအာဇီဝ အလုပ်ပါ။

Similar Posts

  • rClone Sync Tool

    rClone နဲ့ တခြား လုပ်လို့ ရတာတွေ ရှိပါသေးတယ်။ Encryption လုပ်လို့လည်း ရတယ်။ အတော့်ကို အသုံးတည့်တဲ့ Tool ပါပဲ။ Sync လုပ်လို့ ရတဲ့ Service တွေကလည်း အများကြီးပါပဲ။

  • Anduril ရဲ့ ခေါင်းဆောင် Palmer Luckey

    Palmer Luckey က အသက် ၃၂ နှစ်ပဲ ရှိသေးတဲ့ အမေရိကန် စွန့်ဦးတီထွင် လုပ်ငန်းရှင်။ လူ သိနည်းတယ်။ ဒါပေမယ့် ခေတ်ပြိုင်စစ်မက် လက်နက်ကိရိယာ ထုတ်လုပ်ရေးမှာ အခုကတည်းက စနေပြီ ဆိုတော့ကာ သူ အသက် ၄၀ လောက် ဆိုရင် အတော့်ကို အရေးပါတဲ့သူ ဖြစ်သွားမှာပဲ။ အခုလည်း အတော့်ကို အရေးပါနေပါပြီ။ သူ့ လုပ်ငန်း Anduril ရဲ့ ဝက်ဘ်ဆိုက်က https://www.anduril.com/leadership/ ။

  • |

    Monthly Myanmar Drug Research Note covering September 2024

    In September 2024, drug-related incidents surged across Myanmar, highlighting extensive trafficking networks and enforcement actions from Kachin to Rakhine. Key incidents included major narcotics seizures in Yangon and Mandalay, community-led anti-drug operations in Chin and Shan States, and rising drug use among youth in conflict-affected areas. Cross-border trafficking on the India, Bangladesh, and Thailand borders saw increased confrontations and seizures, while Interpol’s “Lionfish-Mayag II” operation targeted the Golden Triangle, seizing over $1 billion in drugs. These developments reveal escalating regional drug challenges impacting Myanmar’s security and public health.

  • အင်တာနက် မလိုတဲ့ ChatGPT Alternative or Offline/Local LLM Tool

    အသုံးတည့်ပါတယ်။ အင်တာနက် မလိုဘဲ LLM Model တွေ ကိုယ့် စက်ထဲ ထည့်ပြီး သုံးလို့ရတာ အင်မတန် ကောင်းမွန်တဲ့ အချက်ပါ။ ပိုပြီး ကောင်းတဲ့ အချက်က Sensitive ဖြစ်တဲ့ Data တွေကို Input ထည့်ပြီး သုံးမယ် ဆိုရင် ကိုယ့်စက်ထဲ ကိုယ့်ထည့်ထားတဲ့ LLM Tools နဲ့ အလုပ် လုပ်လို့ ရတော့ Data Confidentialiy ကို လုံခြုံတယ်လို့ ခံစားမှု ပေါ်အောင် လုပ်လို့ ရသွားတယ်။

  • |

    Essential Linux Commands

    နည်းပညာနဲ့ ပတ်သက်ပြီး Video Contents လုပ်နေသူတွေ အနေနဲ့ ဒီ Commands တွေကို Screen Record လုပ်ပြီး Video Contents လုပ်ရင် အပုဒ် ၉၀ ကျော် ရမယ်။ TikTok ၊ Facebook ၊ YouTube မှာ တင်ရင် ရတာပေါ့။ ပြည်ပကို ရောက်နေသူတွေ ဆိုရင်တော့ Monetization အခွင့်အလမ်း ရှိမယ်။ ပြည်တွင်းက ဆိုရင်တော့ ကြော်ငြာ နည်းနည်းပါးပါး ရရင်တော့ မဆိုးလောက်ပါဘူး။ စမ်းကြည့်ကြပါလား။

  • |

    Monthly Myanmar Drug Research Note covering October 2024

    In October 2024, drug trafficking and enforcement actions intensified across Myanmar and its border regions. Significant seizures, including methamphetamine, heroin, and precursor chemicals, underscore the scale of the narcotics trade from Shan State through routes into Thailand, India, and beyond. Clashes between authorities and drug syndicates, along with cross-border operations, reveal the challenges in curbing trafficking amid regional instability.

Leave a Reply

Your email address will not be published. Required fields are marked *