Metal အဖွဲ့ Behemoth မိတ်ဆက်
Behemoth ရဲ့ သီချင်းတွေကို နားထောင်ဖြစ်တာ သိပ်မကြာသေးဘူး။ အများဆုံးရှိလှ ၂ နှစ် ၃ နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ YouTube Recommendation Engine/Algorithm မှာ ပေါ်လာတာနဲ့ နားထောင်လိုက်တာ သဘောကျသွားတယ်။
တကယ်တော့ ကိုယ်က စေတန်နတ်ဆိုး ကိုးကွယ်မှုတွေ ဘာတွေကို ယုံကြည်လို့၊ ကြိုက်လို့ မဟုတ်ဘူး။ သူတို့ အဖွဲ့ရဲ့ Guitar Riff ကို သဘောကျလို့။ သူတို့ တေးသွား၊ တီးခတ်မှုက အများနဲ့ မတူ ကွဲထွက်နေတဲ့ ပုံစံ မဟုတ်ပါဘူး။ ကြားဖူးနေကြ Metal အမျိုးအစားပါပဲ။
သူတို့ Music Video တွေကိုတော့ သဘောကျတယ်။ စေတန်နတ်ဆိုး ကိုးကွယ်မှုတွေ ဘာတွေ သဘောကျတဲ့ ဆယ်ကျော်သက်တွေဆိုရင် သဘောကျမှာ ကျိန်းသေပဲ။
Behemoth ကို နားမထောင်ဖြစ်သေးရင် သူတို့ရဲ့ Hit Song တစ်ပုဒ် ဖြစ်တဲ့ Bartzabel (အဓိပ္ပာယ် – သက်တော်ရှည် အန္တရာယ်ရှိ အင်္ဂါဂြိုဟ်စောင့် နတ်မိစ္ဆာဘုရား) ကို နားထောင်ကြည့်ဖို့ ညွှန်းချင်ပါတယ်။ နတ်ဆိုးကို ဆင့်ခေါ် ပင့်ပေါ်တဲ့ နတ်မိစ္ဆာပင့်သီချင်းလို့ ပြောရမယ် ထင်တယ်။
Bartzabel (Original MV) က YouTube Age Restriction နဲ့ ငြိနေတော့ YouTube Platform မှာပဲ တိုက်ရိုက် ကြည့်လို့ ပါတယ်။
ဒါကတော့ Live Version ပါ။
Bartzabel ကို နားထောင်ကြည့်လို့ ကြိုက်သွားရင် Blow Your Trumpets Gabriel ကို ဆက်ပြီး နားထောင်ကြည့်ပေါ့။
Behemoth ရဲ့ တေးသွားနဲ့ ဟန်ကို ကြိုက်သွားပြီ ဆိုရင်တော့ သူတို့ရဲ့ YouTube Channel ကို ဝင်ပြီး ကျန်တဲ့ သီချင်းတွေ နားထောင်ကြည့်ပေါ့။ ကြာကြာ နားထောင်လိုက်ရင် အခါမှာ စေတန်နတ်ဆိုး ကိုးကွယ်မှုနဲ့ Metal ဆက်နွယ်မှုကို ပိုပြီး သဘောကျသွားမယ်။