မောင်ခင်မင် (ဓနုဖြူ) အနိစ္စရောက်
မြန်မာစာပေပညာရှင် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ဒီနေ့ (၂၀၂၄ ဇန် ၂၈) မနက်ပိုင်း ကွယ်လွန်သွားတယ် ဆိုတာကို ညနေကျမှ သတင်းထဲ တွေ့လိုက်တယ်။

သူ ပြုစုရေးသားထားတဲ့ စာစုစာရင်းကို စနစ်တကျ လုပ်ထားတာတော့ ရှိမှာပါ။ Facebook User (Hmue Tay Za) ရဲ့ အမှတ်အသားအရ မောင်ခင်မင် (ဓနုဖြူ) ဘဝတစ်လျှောက် စုစုပေါင်း ၁၃၃ အုပ် ပြုစုရေးသားခဲ့တယ်လို့ သိရပါတယ်။
ကိုယ်စုထားတဲ့ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) စာအုပ်စာရင်းကို ပြန်ကြည့်တော့ ဒါတွေပဲ ထွက်လာတယ်။
(၁) ကိုလိုနီခေတ်မြန်မာစာပေသမိုင်း
(၂) ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့်မြန်မာစာအရေးအသားပြဿနာများ
(၃) စကားပြေသဘောတရား၊စကားပြေအတတ်ပညာ
(၄) စာပေအင်တာဗျူး
(၅) တစ်သံနှစ်သံသုံးလေးသံ(မြန်မာဘာသာစကားအကြောင်းစာစု)
(၆) ပြည်သူ့အတွက်မြန်မာစကားပြေ
(၇) ဘာသာစာပေအသွေးအရောင်အဆင်အကွက်
(၈) မြန်မာစာပေခရီး
(၉) မြန်မာစာမြန်မာစကားဝိုင်း
(၁၀) မြန်မာဘာသာစကားပညာရှင်များနှင့်ဘာသာစကားအမြင်
(၁၁) မေတ္တာနှလုံးသားပုံရိပ်များ
(၁၂) ရေးဟန်ပညာနိဒါန်း
(၁၃) လူငယ်များအတွက်စာဆိုမိတ်ဆက်စာမိတ်ဆက်
မောင်ခင်မင် ဖွားရာ ဓနုဖြူမြို့ကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက အလုပ်ကိစ္စနဲ့ ခဏခဏ ရောက်ဖြစ်တယ်။ မြစ်ကမ်းနံဘေးက တက္ကဆတ်လို့ နာမည်ရတဲ့ စားသောက်ဆိုင်မှာ ညနေဆိုရင် မြို့ထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိုင်ဖြစ်တာကို မှတ်မိတယ်။
ဓနုဖြူမြို့က ထင်ရှားတဲ့ ဘုန်းတော်ကြီး၊ စာဆို၊ အနုပညာရှင်တွေ တော်တော်များများ ထွက်ပါတယ်။ အခြေအနေ ကောင်းလာရင်၊ စီးပွားရေး ချောင်လည်လာရင် ဓနုဖြူမြို့ပြခန်း လုပ်ပြီးတော့ ထင်ရှားတဲ့ ဓနုဖြူမြို့ဂုဏ်ဆောင် ရဟန်း လူပုဂ္ဂိုလ်တွေကို မှတ်တမ်းတင်ထားသင့်တယ် ထင်တာပဲ။ ကြယ်နီကတော့ မပါမဖြစ်ပေါ့။
မောင်ခင်မင် စာအုပ်တွေတော့ အစ်ကို့ဆီ လက်ဆောင်ပို့ပေးဦးမှပဲ