Essential Linux Commands
ကိုယ် နေ့စဉ် ကွန်ပြူတာ သုံးတဲ့ အခါမှာ Windows ကိုပဲ အဓိက သုံးပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင် Linux OS တွေ သုံးဖို့လည်း လိုလာတာ ရှိပါတယ်။ ပြောရရင် Linux Commands တွေကို သိပ် မမှတ်မိပါ။ အသုံးလိုမှ Google လုပ်ပြီး သုံးတာမျိုးပါ။

ဒီနေ့တော့ Linux Commands နဲ့ ပတ်သက်တဲ့ ရှင်းလင်းချက် ၄ ခုကို ဖတ်ကြည့်မိပါတယ်။
50+ Essential Linux Commands: A Comprehensive Guide | DigitalOcean
https://www.digitalocean.com/community/tutorials/linux-commands
The 40 Most-Used Linux Commands You Should Know
https://kinsta.com/blog/linux-commands/
25 Basic Linux Commands For Beginners [2025] | GeeksforGeeks
https://www.geeksforgeeks.org/basic-linux-commands/
Top 60 Linux commands every user should know + cheat sheet
https://www.hostinger.com/tutorials/linux-commands
ဒီ ဆောင်းပါး ၄ ပုဒ်ကို ဖတ်ရင်းနဲ့ တစ်ပုဒ်မှာပါတဲ့ Commands တွေကို ယှဉ်ကြည့်လို့ လွယ်အောင် Data Cleaning လုပ်ပြီးတော့ Table တစ်ခု လုပ်ကြည့်ပါတယ်။ ဘယ် Commands တွေက ယေဘုယျ အနေနဲ့ ပါနေသလဲ ဆိုတာကို လွယ်လင့်တကူ ကြည့်လို့ ရတာပေါ့။ ဒီ Table ကို ကြည့်ချင်ရင် CSV File ကို ဒီနေရာ (https://bit.ly/3Sv7DiR) ကနေ ယူလို့ ရပါတယ်။
File Name: 2025-05-18_Linux_Commands_Comparison.csv
Download (GitHub) URL: https://raw.githubusercontent.com/maungnelynnaung/indra-open-data/main/2025-05-18_Linux_Commands_Comparison.csv
နည်းပညာနဲ့ ပတ်သက်ပြီး Video Contents လုပ်နေသူတွေ အနေနဲ့ ဒီ Commands တွေကို Screen Record လုပ်ပြီး Video Contents လုပ်ရင် အပုဒ် ၉၀ ကျော် ရမယ်။ TikTok ၊ Facebook ၊ YouTube မှာ တင်ရင် ရတာပေါ့။ ပြည်ပကို ရောက်နေသူတွေ ဆိုရင်တော့ Monetization အခွင့်အလမ်း ရှိမယ်။ ပြည်တွင်းက ဆိုရင်တော့ ကြော်ငြာ နည်းနည်းပါးပါး ရရင်တော့ မဆိုးလောက်ပါဘူး။ စမ်းကြည့်ကြပါလား။