DARPA ရဲ့ ကြိုးမဲ့စွမ်းအင်ပို့ဆောင်ရေး စမ်းသပ်အောင်မြင်မှု
DARPA ရဲ့ နောက်ဆုံး စမ်းသပ်မှုမှာ စွမ်းအင် ၈၀၀ ဝပ်ကို ၈.၆ ကီလိုမီတာ (၅.၃ မိုင်) အကွာအဝေး အထိ ၃၀ စက္ကန့် ကြာအောင် ကြိုးမဲ့စနစ်နဲ့ ပို့ဆောင်နိုင်တယ်လို့ ဖော်ပြထားတယ်။ ဒီ ပို့လွှတ်တဲ့ စွမ်းအင်နဲ့ ပြောင်းဖူးပေါက်ပေါက် ဖောက်ပြထားတယ်။ ဒီ စမ်းသပ်မှုရဲ့ Efficiency က ၂၀ ရာခိုင်နှုန်းလို့ သိရ။
ကိုယ် နားလည်သလို အကြမ်းဖျင်း ပြောရရင် ထုတ်လွှတ်တဲ့ဌာနကနေ ၁၀၀ ကီလိုဝပ်နာရီရှိတဲ့ စွမ်းအင်ကို ပို့လိုက်ရင် လက်ခံမယ့်ဌာနက ၂၀ ကီလိုဝပ်နာရီ ရမယ်။ လက်ရှိ စမ်းသပ်မှုမှာ Efficiency က ၂၀ ရာခိုင်နှုန်းဆိုပေမယ့် အကွာအဝေး ၈.၆ ကီလိုမီတာ (၅.၃ မိုင်) အထိ ကြိုးမဲ့စနစ်နဲ့ စွမ်းအင် ပို့ဆောင်လို့ ရတာက အသက်။ ကြိုးမဲ့စနစ်သုံး စွမ်းအင် ပို့ဆောင်ရေး နယ်ပယ် (အထူးသဖြင့် စစ်မြေပြင် စွမ်းအင် ဖြန့်ဖြူး ပို့ဆောင်ရေး နည်းပညာ) မှာတော့ DARPA ရဲ့ စမ်းသပ် အောင်မြင်မှု အရေးပါတဲ့ ပြောင်းလဲမှု။
ကိုယ် နားလည်သလို ပြောရရင် စစ်တိုက်ဖို့ စွမ်းအင် (လျှပ်စစ်) လိုတယ်။ တစ်ချို့ စစ်မြေပြင်တွေမှာ လျှပ်စစ်ဓာတ်အား ပို့ဆောင်ဖို့ ဓာတ်တိုင်ထောင် ဓာတ်ကြိုးသွယ်လို့ မရ၊ လောင်စာဆီ ပို့ဆောင်ဖို့လည်း ခက်။ ဒီလို အခြေအနေမှာ ဒီနည်းစနစ်ကို သုံးလို့ ရမယ်။ နောက်ပိုင်းတော့ အရပ်သားသုံး နည်းပညာ ဖြစ်လာမှာပေါ့။
ကိုယ် ရှာဖွေ ဖတ်ကြည့်ထားတဲ့ Web Pages တွေကို စိတ်ဝင်စားရင် ဒီမှာ ကြည့်ပါ။
darpa wireless energy transmission – Google Search
https://www.google.com/search?client=firefox-b-d&q=darpa+wireless+energy+transmission
DARPA’s wireless laser power relay sets new distance record
https://newatlas.com/military/darpa-sets-new-records-sending-power-without-wires/
Revolutionizing Energy Transmission: What is DARPA’s POWER Program? – YouTube
https://www.youtube.com/watch?app=desktop&v=EOKFezUbjcM&t=0s
POWER: Persistent Optical Wireless Energy Relay | DARPA
https://www.darpa.mil/research/programs/power
SAM.gov
https://sam.gov/opp/2d335bcae09f435ca2bdf191242916cd/view
DARPA sets energy beaming distance, power record • The Register
https://www.theregister.com/2025/05/19/darpa_energy_beaming_record/
DARPA program sets distance record for power beaming | DARPA
https://www.darpa.mil/news/2025/darpa-program-distance-record-power-beaming
DARPA sets new records for sending power wirelessly : r/Futurology
https://www.reddit.com/r/Futurology/comments/1lc9tb4/darpa_sets_new_records_for_sending_power/
DARPA transmits energy wirelessly over record 8.6 km distance
https://www.perplexity.ai/discover/top/darpa-transmits-energy-wireles-PkZZrU6kSv2m38YVh5v9uw
DARPA Sends Energy Wirelessly Over 8.6 Kilometers, And Uses It To Make Popcorn | IFLScience
https://www.iflscience.com/darpa-sends-energy-wirelessly-over-86-kilometers-setting-a-new-world-record-79631