လူပျောက်ပြဿနာ အဖြေရှာ

လူပျောက်ပြဿနာ အဖြေရှာ

လူပျောက်တာ ဘယ်လို အခြေအနေ ရှိသလဲ ဆိုတာကို သိရအောင် ပြည်တွင်းမှာ လူ အသုံးများဆုံးဖြစ်တဲ့ Facebook မှာ လူပျောက်ဆုံးမှု အကြောင်းကို ရှာဖွေ ကြည့်ဖြစ်တယ်။ ကိုယ် တွေ့သလောက လူပျောက်ရင် ကြော်ငြာတင်ဖို့ ဝိုင်းဝန်ပြီး ကူညီ ရှာဖွေပေးဖို့ ဖွဲ့စည်းထားတဲ့ Facebook Group ပေါင်း ၂၁ ခု လောက် တွေ့ပါတယ်။ လူထုအခြေပြုစနစ်ပါ။ အင်မတန် ချီးမွမ်းစရာ ကောင်းလှပါတယ်။

Qualitative Research လုပ်ငန်းတွေမှာ ခေတ်ပေါ် AI စနစ်တွေကို ထည့်သွင်းအသုံးပြုခြင်း
|

Qualitative Research လုပ်ငန်းတွေမှာ ခေတ်ပေါ် AI စနစ်တွေကို ထည့်သွင်းအသုံးပြုခြင်း

LLM တွေ ပေါ်လာတာ အပြောင်းအလဲ အကြီးကြီး ဖြစ်သွားပြီ။ မြန်မာနိုင်ငံလို့ Developing Country ကို ဒီ အပြောင်းအလဲ ရောက်ဖို့က အချိန် နည်းနည်း ကြာဦးမယ်။ Western Country တွေမှာ သွားနေတဲ့ အရှိန်ကို မီမှာတော့ မဟုတ်။ ဒါပေမယ့် တစ်ချိန် မဟုတ် တစ်ချိန်တော့ ရောက်လာမှာပဲ။ အဲဒီ အချိန်ကျရင် သုံးရမယ့် Tools တွေက ပိုပြီး အဆင်ပြေသွားမယ်။ လွယ်သွားမယ်။ ပြည်တွင်းမှာ Qualitative Research လုပ်နေသူ မိတ်ဆွေတွေ အနေနဲ့လည်း ခေတ်ပြိုင် Tools တွေ၊ နည်းလမ်းသစ်တွေကို Up-to-date ဖြစ်အောင် ပြင်ရင် မမှားလောက်ဘူး။

Metal အဖွဲ့ Behemoth မိတ်ဆက်
|

Metal အဖွဲ့ Behemoth မိတ်ဆက်

Behemoth ကို နားမထောင်ဖြစ်သေးရင် သူတို့ရဲ့ Hit Song တစ်ပုဒ် ဖြစ်တဲ့ Bartzabel (အဓိပ္ပာယ် – သက်တော်ရှည် အန္တရာယ်ရှိ အင်္ဂါဂြိုဟ်စောင့် နတ်မိစ္ဆာဘုရား) ကို နားထောင်ကြည့်ဖို့ ညွှန်းချင်ပါတယ်။

AI-Powered Coding
|

AI-Powered Coding

ChatGPT က Optimize လုပ်ပေးထားတဲ့ Code က ကိုယ် မတောက်တခေါက် ရေးထားတဲ့ Code ထက် အစစ အရာရာ သာတယ်။ ရေးတဲ့ Code ချင်း အတူတူ ဆိုရင်တောင် လူ လက်နဲ့ Code ရေးတာက စက်က Generate လုပ်တဲ့ Speed ကို မမီဘူး။ စာရိုက်တဲ့ နေရာမှာ လူထက် ပိုမြန်တယ်။

AI စစ်ရေး ငြိမ်းချမ်းရေး အနာဂတ် ပြင်ဆင်မှု
|

AI စစ်ရေး ငြိမ်းချမ်းရေး အနာဂတ် ပြင်ဆင်မှု

ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ AI ဟာ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် လက်လှမ်းမီတဲ့ လူ့ အဖွဲ့အစည်းတွေရဲ့ နေ့စဉ်ဘဝထဲ ပိုပြီး ရောက်လာတော့မယ်။  ဒီရက်ထဲမှာ AI နဲ့ ပတ်သက်ပြီး ဖတ်ဖြစ်၊ နားထောင်ဖြစ်တဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ဗွီဒီယိုနှစ်ပုဒ်ကို မျှဝေချင်ပါတယ်။

User-generated Contents (Text Data)
|

User-generated Contents (Text Data)

AI ထွန်းကားလာတဲ့အတွက် Data ရရှိရေးကိစ္စတွေကလည်း အသဲအသန်ဖြစ်လာတယ်။ အချက်အလက်တွေ ရှိလာရင် ရှေ့ဆက်ပြီး ဘာဖြစ်မလဲဆိုတာကို ကြိုတင်ခန့်မှန်း သုံးသပ်တာ၊ ပြင်ဆင်တာ လုပ်လို့ ရတယ်။ Computing ကောင်းလာတဲ့ အတွက် လူသားတွေရဲ့ Prediction လုပ်တာ ပိုလွယ်၊ ပိုမြန်၊ ပိုကောင်းလာတယ်။