AI Courses and Sources
AI ကို အသုံးပြုတဲ့ Tools တွေ တွင်ကျယ်လာတာနဲ့အမျှ လုပ်ငန်းခွင် လိုအပ်ချက်မှာ AI-power Tools တွေကို အသုံးပြုနိုင်တာ လိုအပ်ချက်တစ်ခု ဖြစ်လာမှာပါ။
မြင်သာထင်ရှားတဲ့ ဥပမာတစ်ခု ပေးရရင် ရုံးတစ်ရုံးမှာ Accountant နှစ်ယောက် ရှိတယ်။ နှစ်ယောက်စလုံးက Accounting နယ်ပယ်မှာ မဖြစ်မနေ အသုံးပြုရတဲ့ Microsoft Excel Spreadsheet ကို Intermediate အဆင့် သုံးနိုင်တယ်။ အနည်းငယ် ရှုပ်ထွေးတဲ့ Function တွေကိုတော့ သူတို့ မသုံးတတ်ဘူး။
ဒါပေမယ့် သူများတွေ ဘယ်လို သုံးတယ်ဆိုတာကို သူတို့ နှစ်ယောက်လုံး မြင်ဖူးတယ်၊ ဒီတော့ကာ သူ့တို့ လုပ်ငန်းခွင်မှာ ဘယ်လို သုံးရင် ရနိုင်မလဲ ဆိုတာကို စဉ်းစားတတ်တယ်။
သူတို့ လုပ်ငန်းခွင်မှာ လိုအပ်နေတာက ဝန်ထမ်းနာမည်နဲ့ ဝန်ထမ်း ID Code ကို တွဲထားတဲ့ String ကို Vlookup လုပ်ပြီးတော့ လစာတွေ၊ အချိန်ပိုကြေးတွေ၊ ဖြတ်တောက်မှုတွေကို တွဲရင် အမှားနည်းမယ်။ ရလာတဲ့ Table ကို ထပ်ပြီးတော့ Pivot လုပ်ရင် Summary Statistics လုပ်လို့ ရမယ်။ စာရင်းချုပ် တွက်ရတာ လွယ်မယ်။ လုပ်ငန်းရှင် ကြည့်ဖို့ရာ အစီရင်ခံစာ ပြင်ဆင်ပေးရတာ ကောင်းမယ်။
Accountant နှစ်ယောက်မှာ တစ်ယောက်က Generative AI (လူသုံးများတဲ့ ChatGPT သို့မဟုတ် Microsoft Co-pilot) ကို အသုံးပြုပြီးတော့ သူ့ အတွက် ခက်ခဲနေတဲ့ Function တွေကို သုံးဖို့ အဖြေရှာကြည့်တယ်။ မေးခွန်းတွေ ဘယ်လို မေးရမယ်၊ ပြဿနာ တက်လာရင် ဘယ်လို ထပ်ရှာပြီး ဘယ်လို ထပ်မေးမယ် ဘယ်လို ပြန်စမ်းရမယ် ဆိုတာကို လုပ်ရင်းနဲ့ လေ့လာသွားတယ်။
နောက်တစ်ယောက်တော့ Generative AI ကို မသုံးမိဘူး။ အရင်လိုပဲ နေလိုက်မယ်။ ပျော်ပျော်နေ သေခဲပေါ့။
အချိန်ကြာလာတာနဲ့အမျှ Accountant နှစ်ယောက်မှာ Generative AI ကို လုပ်ငန်းခွင်ထဲ ထည့်ပြီး သုံးတဲ့ တစ်ယောက်က အလုပ် ပိုတွင်မယ်။ ပိုမြန်မယ်။ အလုပ် လုပ်ရတာ ပိုကောင်းမယ်။ အရည်အချင်းကို အခြေခံပြီး ခံစားခွင့် တိုးမြှင့်ပေးတဲ့ လုပ်ငန်းခွင် ဆိုရင်တော့ သူ့ အတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမြင့်မယ်။ အခွင့်အလမ်း အတွက် ပြိုင်ဆိုင်မှု လုပ်ရမယ်ဆိုရင် အားသာချက် ရမယ်။ (မှတ်ချက် – ဘာမှ မလုပ်တဲ့ Accountant က Company ပိုင်ရှင် သို့မဟုတ် Manager ရဲ့ ဆွေမျိုးသားချင်း မဟုတ်ရင်ပေါ့။)
AI နဲ့ ပတ်သက်တဲ့ကိစ္စကို မြန်မာသာသာနဲ့ သေသေချာချာ ရှင်းပြတာ၊ သင်တန်းပေးတာ သိပ် မရှိဘူးလို့ ထင်ပါတယ်။ ကိုယ်လည်း စျေးကွက် အနေအထားကို သေသေချာချာ မသိဘူး။
တစ်ချို့ AI Course တွေကို အလကားရတယ် ဆိုပေမယ့် အင်္ဂလိပ်ဘာသာစကားနဲ့ ဖြစ်နေတယ်။ ဥပမာ Andrew Ng ရဲ့ Generative AI for Everyone ။ ဒီနေရာမှာ နောက်ထပ် စကားပြောတာက အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပါပဲ။
Andrew Ng ရဲ့ Generative AI for Everyone ကို ဘာသာပြန်ပြီး ရှင်းလင်းပြပေးမယ့်သူရှိရင် တော်တော် ကောင်းမယ်။ လူ နားလည်အောင်လည်း ရှင်းပြနိုင်စွမ်းရှိပြီး ICT Background ရှိတဲ့ မြန်မာလူငယ်လူရွယ်တွေအထဲက အချိန်ပေးပြီး လုပ်ပေးနိုင်ရင်တော့ ကောင်းမယ်။ လူတိုင်းက ကိုယ့် အလုပ်နဲ့ ကိုယ် ရှုပ်နေကြတော့ သိပ်တော့ လွယ်မှာ မဟုတ်။
အောက်မှာ ပြထားတဲ့ Course တွေ (Screenshot အောက်က Button ကို နှိပ်ရင် သက်ဆိုင်ရာ Page ကို ရောက်သွား) က ကိုယ် ကြည့်ဖူးတဲ့ Course တွေပါ။ Course တစ်ခုလုံး ပြီးတဲ့ အထိ ကြည့်ဖူးတာကတော့ Andrew Ng ရဲ့ Course တွေပဲ ရှိပါတယ်။ AI နဲ့ ပတ်သက်တဲ့ Updates တွေကိုတော့ Andrew Ng ရဲ့ Deep Learning Newsletter ကနေ ကြည့်ပါတယ်။
Andrew Ng ရဲ့ Generative AI for Everyone (Generative ဘာလဲ၊ ဘယ်လဲ လို့ ဘာသာပြန်ရင် သင့်မယ်) Course က အခမဲ့ တက်ရောက်ခွင့်ရှိပါတယ်။

Andrew Ng ရဲ့ Deep Learning ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ Newsletter တွေကို Subscribe လုပ်ထားရင် Trend တွေကို သိရမှာပါ။

IBM ရဲ့ YouTube Channel ကိုလည်း ရံဖန်ရံခါ ကြည့်ဖြစ်ပါတယ်။ Short Explainer တွေကို ကြည့်ရတာ၊ နားထောင်ရတာ ပိုရှင်းပါတယ်။

ဒါကတော့ Google ရဲ့ Beginner Course ပါ။

ဒါကတော့ Microsoft ရဲ့ Course ပါ။

နည်းပညာနဲ့ အသက်မွေးနေသူတွေ အတွက်တော့ AI ကို ကိုယ်နည်း ကိုယ့်ဟန်နဲ့ ကြည့်နေရတာပါပဲ။ Beginner Course တွေ အထဲက တခြား ကောင်းတဲ့ Course တွေ ရှိရင် Comment ရေးပြီး Share လုပ်ပေးပါ။ ဒီ Blogpost ကို Living Document အဖြစ် သဘောထားပြီးတော့ Update လုပ်ထားရင် တခြားသူတွေ ကြည့်ရတာ ပိုလွယ်မယ်လို့ ယူဆပါတယ်။