Adam Wathan Steve Schoger Refactoring UI

Adam Wathan နဲ့ Steve Schoger တို့ ရေးတဲ့ Refactoring UI

Adam Wathan နဲ့ Steve Schoger တို့ ရေးတဲ့ Refactoring UI စာအုပ်အကြောင်း အညွှန်းတွေ၊ ဆွေးနွေးချက်တွေ တော်တော်များများ ကြည့်ဖူး မြင်ဖူးပေမယ့် အကြောင်း မသင့်လို့ တစ်ခါမှ မဖတ်ဖူးပါဘူး။

ပြီးခဲ့ ၄-၅ ရက်တုန်းက Tailwind CSS ကို သုံးစရာ ရှိလာလို့ Background တွေ ပြန်ဖတ်ရင်းနဲ့ Refactoring UI ကို ရေးတဲ့ Adam Wathan ဟာ Tailwind CSS ကို ဖန်တီးသူဖြစ်ကြောင်း သိရပါတယ်။ ဒါနဲ့ Refactoring UI ကို အကြမ်းဖျင်း လှန်လှောကြည့်မိပါတယ်။ စာအုပ်မှာပါတဲ့ ဆွေးနွေးချက်၊ တင်ပြချက်တွေက လက်‌တွေ့ကျတယ်၊ အသုံးဝင်တယ်။ အရေးအသားက ရှင်းလင်း ကျစ်လစ်တယ်။

Design ကိစ္စ လုပ်နေသူတွေ ဆိုရင် ဒီ Refactoring UI စာအုပ် အပြင် White Space is Not Your Enemy: A Beginner’s Guide to Communicating Visually through Graphic, Web and Multimedia Design ကိုပါ တွဲဖတ်ရင် ပို ကောင်းမယ်၊ ပို ပြည့်စုံမယ်လို့ ထင်ပါတယ်။

Adam Wathan Steve Schoger Refactoring UI
Refactoring UI by Adam Wathan & Steve Schoger

Similar Posts

  • |

    User-generated Contents (Text Data)

    AI ထွန်းကားလာတဲ့အတွက် Data ရရှိရေးကိစ္စတွေကလည်း အသဲအသန်ဖြစ်လာတယ်။ အချက်အလက်တွေ ရှိလာရင် ရှေ့ဆက်ပြီး ဘာဖြစ်မလဲဆိုတာကို ကြိုတင်ခန့်မှန်း သုံးသပ်တာ၊ ပြင်ဆင်တာ လုပ်လို့ ရတယ်။ Computing ကောင်းလာတဲ့ အတွက် လူသားတွေရဲ့ Prediction လုပ်တာ ပိုလွယ်၊ ပိုမြန်၊ ပိုကောင်းလာတယ်။

  • AI ကို သုံးတဲ့ Phishing Attack

    AI ကို တိုက်ခိုက်ရေးဘက်က သုံးလာရင် ကာကွယ်ရေးဘက်က တုံ့ပြန်မှုတွေလည်း လုပ်ကြမှာပါပဲ။ ပြည်တွင်းမှာ ဘဏ်တွေက ကြိုပြင်သင့်တယ်။ အခုလည်း ဘဏ်တွေက သတိပေးချက်တွေ ထုတ်တာ ရှိပေမယ့် လူ စိတ်ဝင်စားမှု နည်းတယ်၊ ပြန်နှံ့မှု နည်းတယ်လို့ (ကိုယ့် တစ်ဦးတည်း အမြင်) ယူဆပါတယ်။ Brand Ambassador တွေ ထားပြီး Tech Ambassador တွေလည်း ထားသင့်တယ်။ ပြည်တွင်းမှာ လူ နားလည် လွယ်အောင် ရှင်းပြ၊ ပြောပြနိုင်စွမ်း ရှိတဲ့ ကျွမ်းကျင်သူတွေ ရှိပါတယ်။

  • Perplexity AI Comet Browser

    Perplexity AI က Comet လို့ နာမည်ပေးထားတဲ့ AI-native Browser ထွက်မယ် ဆိုတဲ့ သတင်းကို တွေ့မိတာ ၁-၂ ပတ် ရှိပြီ ထင်တယ်။ ဒီနေ့ Perplexity AI ဖွင့်သုံးတော့ Download လုပ်ဖို့ ပြောတယ်။ ဒါနဲ့ စမ်းကြည့်ဖြစ်တယ်။ အဆင်ပြေတယ်။

  • ခဲတံစွပ် (Pencil Extender)

    တစ်လောက ခဲတံ လုပ်တဲ့ အကြောင်း လိုက်ရှာ ဖတ်ရင်း၊ ကြည့်ရင်းနဲ့ 6B အတိုတွေကို ဆက်သုံးလို့ရတဲ့ ကိရိယာ တွေ့တယ်။ အဲဒီတုန်းက ဒီ ကိရိယာကို အင်္ဂလိပ်လို Pencil Extender လို့ ခေါ်မှန်း မသိဘူး။ နီးစပ်ရာ ဆိုင်တွေမှာ လိုက်ရှာတာ မတွေ့ဘူး။

  • rClone Sync Tool

    rClone နဲ့ တခြား လုပ်လို့ ရတာတွေ ရှိပါသေးတယ်။ Encryption လုပ်လို့လည်း ရတယ်။ အတော့်ကို အသုံးတည့်တဲ့ Tool ပါပဲ။ Sync လုပ်လို့ ရတဲ့ Service တွေကလည်း အများကြီးပါပဲ။

  • AI Courses and Sources

    Beginner Course တွေ အထဲက တခြား ကောင်းတဲ့ Course တွေ ရှိရင် Comment ရေးပြီး Share လုပ်ပေးပါ။ ဒီ Blogpost ကို Living Document အဖြစ် သဘောထားပြီးတော့ Update လုပ်ထားရင် တခြားသူတွေ ကြည့်ရတာ ပိုလွယ်မယ်လို့ ယူဆပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *