|

User-generated Contents (Text Data)

AI ထွန်းကားလာတဲ့အတွက် Data ရရှိရေးကိစ္စတွေကလည်း အသဲအသန်ဖြစ်လာတယ်။ အချက်အလက်တွေ ရှိလာရင် ရှေ့ဆက်ပြီး ဘာဖြစ်မလဲဆိုတာကို ကြိုတင်ခန့်မှန်း သုံးသပ်တာ၊ ပြင်ဆင်တာ လုပ်လို့ ရတယ်။ Computing ကောင်းလာတဲ့ အတွက် လူသားတွေရဲ့ Prediction လုပ်တာ ပိုလွယ်၊ ပိုမြန်၊ ပိုကောင်းလာတယ်။

မြန်မာနိုင်ငံမှာ Facebook မရှိခင်တုန်းက အချက်အလက် စီးဆင်းမှုနည်းတယ်။ Facebook ပေါ်လာတဲ့နောက် အချက်အလက် ရရှိမှု ပိုလွယ်၊ ပိုမြန်၊ ပိုကောင်းလာတယ်။ Public သုံးလို့ရတဲ့ User-generated Contents တွေရဲ့ အရေးပါမှုကလည်း ပိုမြင့်လာတယ်။

ပိုပြီး မြင်သာတဲ့ ဥပမာနဲ့ ကြည့်ရင် ဟိုးအရင်က အမြန်လမ်းမှာ သတ်မှတ်မြန်နှုန်း ကျော်လို့ ဒဏ်တပ်ခံရရင် ဒဏ်တပ်ခံရသူနဲ့ ရင်းနှီးသူတစ်စုလောက်ပဲ ဒီကိစ္စကို သိတယ်။ ဘယ်နားမှာ ကီလိုကျော် စောင့်ကြည့်ရေး ကင်မရာတွေ ထားတယ်၊ ဘာညာပေါ့။

အခုတော့ Facebook ထွန်းကားတဲ့ အတွက်ကြောင့် အမြန်လမ်းမှာ ကီလိုကျော် စောင့်ကြည့်ရေး ကင်မရာတွေ ဘယ်နားရှိတယ် ဆိုတာကို Community Group တွေမှာ Share လုပ်ကြတယ်။ Near real-time data မဟုတ်ပေမယ့် အတော့်ကို Update ဖြစ်တဲ့ Data တွေ လူတိုင်းရဲ့ လက်တကမ်းမှာ ရှိတယ်။

ပြီးခဲ့တဲ့ ၂-၃ ရက်တုန်းက စိတ်ကူးပေါက်တာနဲ့ Community Group တွေမှာ တင်ထားတဲ့ ကီလိုကျော် စောင့်ကြည့်ရေး ကင်မရာတွေ ရှိတတ်တဲ့ မိုင်တိုင်အမှတ်တွေကို Spread Sheet ထဲ ပစ်ထည့်၊ Summary Analysis ပြန်လုပ်၊ Frequency Table ထုတ်၊ မြင်သာလွယ်အောင် Chart တစ်ခု ထုတ်ကြည့်ဖြစ်တယ်။

ဒီ Chart ကို ကြည့်လိုက်ရင် ဘယ်နားမှာ ကီလိုကျော် စောင့်ကြည့်ရေး ကင်မရာတွေ ထားလေ့ထားထ ရှိတယ် ဆိုတာကို အကြမ်းဖျင်း အနေနဲ့ ကြည့်လို့ရပြီ။ များသောအားဖြင့် ကင်မရာတွေက မနက်ပိုင်းနဲ့ ညနေပိုင်း လေးနာရီကျော်ရင် သိပ် မရှိတော့ဘူး။ ညပိုင်းဆိုရင်တော့ ဒီကင်မရာတွေက ထားတာ မရှိဘူး ထင်ပါတယ်။

ဒီ Chart မှာ သုံးတဲ့ Data က အမြဲတမ်း Update လုပ်တာ မဟုတ်တော့ အမြဲတမ်း မှန်နေမှာ မဟုတ်ဘူး။ ကင်မရာ အရွှေ့အပြောင်း ရှိဦးမယ်။

Traffic ကိစ္စတွေ စိတ်ဝင်စားတဲ့ Engineer ကျောင်းသူကျောင်းသားတွေ ဆိုရင်တော့ GIS နဲ့ နည်းနည်းပါးပါး ပေါင်းစပ်လိုက်ရင် ကင်မရာတွေ ရှိတတ်တဲ့ မိုင်တိုင်တွေ (OSM က လုပ်ထားတဲ့ Data ရှိပြီးသား) နဲ့ လမ်း အနေအထား (ဖြောင့်တန်းမှု၊ ပြန့်ပြူးမှု စသဖြင့်) ကို ဆက်လုပ်ကြည့်လို့ ရနိုင်တာပါပဲ။

Similar Posts

  • |

    Metal အဖွဲ့ Behemoth မိတ်ဆက်

    Behemoth ကို နားမထောင်ဖြစ်သေးရင် သူတို့ရဲ့ Hit Song တစ်ပုဒ် ဖြစ်တဲ့ Bartzabel (အဓိပ္ပာယ် – သက်တော်ရှည် အန္တရာယ်ရှိ အင်္ဂါဂြိုဟ်စောင့် နတ်မိစ္ဆာဘုရား) ကို နားထောင်ကြည့်ဖို့ ညွှန်းချင်ပါတယ်။

  • Anduril ရဲ့ ခေါင်းဆောင် Palmer Luckey

    Palmer Luckey က အသက် ၃၂ နှစ်ပဲ ရှိသေးတဲ့ အမေရိကန် စွန့်ဦးတီထွင် လုပ်ငန်းရှင်။ လူ သိနည်းတယ်။ ဒါပေမယ့် ခေတ်ပြိုင်စစ်မက် လက်နက်ကိရိယာ ထုတ်လုပ်ရေးမှာ အခုကတည်းက စနေပြီ ဆိုတော့ကာ သူ အသက် ၄၀ လောက် ဆိုရင် အတော့်ကို အရေးပါတဲ့သူ ဖြစ်သွားမှာပဲ။ အခုလည်း အတော့်ကို အရေးပါနေပါပြီ။ သူ့ လုပ်ငန်း Anduril ရဲ့ ဝက်ဘ်ဆိုက်က https://www.anduril.com/leadership/ ။

  • |

    AI in Defense: Analyzing China’s Parade Weapons

    On 3 September 2025, China held its Victory Day Parade and unveiled a range of advanced weapon systems. As someone who grew up on sci-fi comics and movies, I was naturally drawn to the “pointy scary weapons” on display — borrowing a line from Admiral-General Aladeen in The Dictator. When I couldn’t find a clear, organized list of the systems revealed, I decided to build my own analysis pipeline. Using open-source tools like yt-dlp and OpenCV, I turned parade footage into more than 36,000 images, grouped them into categories, and then used OpenAI’s gpt-4o model to generate structured profiles of selected systems. This workflow is simple but useful: Gather OSINT → Process Data → Generate Information → Create Outputs for Review. It shows how AI can take on low-value tasks like classification and first-pass analysis, freeing human analysts to focus on high-value work like strategy and scenario planning.

  • AI Courses and Sources

    Beginner Course တွေ အထဲက တခြား ကောင်းတဲ့ Course တွေ ရှိရင် Comment ရေးပြီး Share လုပ်ပေးပါ။ ဒီ Blogpost ကို Living Document အဖြစ် သဘောထားပြီးတော့ Update လုပ်ထားရင် တခြားသူတွေ ကြည့်ရတာ ပိုလွယ်မယ်လို့ ယူဆပါတယ်။

  • |

    Sphere Entertainment Venue အကြောင်း

    Sphere Entertainment Venue အကြောင်းကို ရှာဖွေကြည့်တော့ Vlog တွေ လုပ်ထားတာ တွေ့တယ်။ ဒီ အဆောက်အဦ တည်ဆောက်မှု ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂.၃ ဘီလီလျံလို့ ဆိုတယ်။ ၂၀၁၈ မှာ စပြီး တည်ဆောက်ပြီး ၂၀၂၃ စက်တင်ဘာမှ စတင် လည်ပတ်တယ်။ ဒီလို Next Level Entertainment Venue တစ်ခုကို ၅ နှစ် အတွင်း တည်ဆောက်နိုင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *