AI စစ်ရေး ငြိမ်းချမ်းရေး အနာဂတ် ပြင်ဆင်မှု

ဒီနှစ်ပိုင်းအတွင်းမှာ AI အပြောင်းအလဲက ICT နည်းပညာနဲ့ ဆက်စပ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူတွေ အတွက်တော့ သိသိသာသာ အပြောင်းအလဲ ဖြစ်တယ်။ အထူးသဖြင့် Programming လုပ်ငန်း လုပ်ကိုင်သူတွေ အတွက်ဆိုရင် သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်တယ်။

ကိုယ့်လို ရံဖန်ရံခါမှ လုပ်ငန်း လိုအပ်ချက် အတွက် Code ရေးရသူ အတွက်ဆိုရင် AI-Powered Programming ရှိလာတဲ့ အတွက်ကြောင့် အလုပ် ပိုတွင်လာတယ်။ အချိန်ကုန် သက်သာလာတယ်။ ငွေကုန်ကြေးကျလည်း သက်သာလာတယ်။ AI က ထုတ်ပေးတဲ့ Code က ကိုယ့်လို မတောက်တခေါက် အဆင့်ရှိတဲ့သူ ရေးတဲ့ Code ထက် အရည်အသွေးပိုကောင်းတယ်။ လုပ်ငန်းကြီးတွေမှာ ဆိုရင် ကုန်ကျစရိတ်ကို အတိုင်းအတာ တော်တော်များများ လျှော့ချနိုင်မှာ ဖြစ်သလို လုပ်ငန်း ပြီးမြောက်မှုလည်း ပိုများလာမှာ ကျိန်းသေပဲ။

AI က ထုတ်ပေးတဲ့ Code က ကိုယ့်လို မတောက်တခေါက် အဆင့်ရှိတဲ့သူ ရေးတဲ့ Code ထက် အရည်အသွေးပိုကောင်းတယ်။

AI ရဲ့ ထိုးဖောက်မှုဟာ တခြားနယ်ပယ်တွေထဲကိ ရောက်လာပေမယ့် ICT လုပ်ငန်းနယ်ပယ်လောက်တော့ အရှိန်အဟုန် မမြင့်သေးဘူး။ တွင်ကျယ်မှု မရှိသေးဘူး။ AI ပြောင်းလဲမှုဟာ Linear နှုန်းထားမျိုးနဲ့ သွားနေတာ မဟုတ်ဘဲ မထင်မှတ်ထားတဲ့ အချိန်အတောအတွင်းမှာ ခုန်ပျံကျော်လွှား ပြောင်းလဲမှု ဖြစ်နိုင်တဲ့ အတွက်ကြောင့် ဘယ် အချိန်လောက်မှာ ဘာ ဆက်ဖြစ်နိုင်သလဲ ဆိုတာကို ခန့်မှန်းရခက်သွားမယ်။

ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ AI ဟာ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် လက်လှမ်းမီတဲ့ လူ့ အဖွဲ့အစည်းတွေရဲ့ နေ့စဉ်ဘဝထဲ ပိုပြီး ရောက်လာတော့မယ်။  ဒီရက်ထဲမှာ AI နဲ့ ပတ်သက်ပြီး ဖတ်ဖြစ်၊ နားထောင်ဖြစ်တဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ဗွီဒီယိုနှစ်ပုဒ်ကို မျှဝေချင်ပါတယ်။

ဒီဆောင်းပါးကို ရေးသားသူ သုံးဦးက အမေရိကန်နိုင်ငံရေးသုခမိန် Henry A. Kissinger ၊ Google ရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် (ငြိမ်း) Eric Schmidt ၊ Microsoft ရဲ့ သုတေသနအရာရှိချုပ် Craig Mundie ဖြစ်ပါတယ်။ Henry Kissinger ကတော့ မနှစ်တုန်းက ဆုံးတယ်။ ဒီ ဆောင်းပါးကလည်း သူ ဆုံးပြီး တစ်နှစ်လောက်ကြတော့မှ ထွက်လာတာပဲ။

သူတို့ သုံးဦး ပူးတွဲဆောင်းပါး ရေးသားစဉ် အချိန်နဲ့ လက်ရှိမှာ နောက်ခံ အခြေအနေတွေ ကွာဟချက် နည်းနည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ရေးသားမှုက အနာဂတ်မျှော် သုံးသပ်ချက်တွေ ဖြစ်တဲ့ အတွက်ကြောင့် ဖတ်သင့်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာဆက်ဆံရေး၊ အနာဂတ် စစ်ရေး ငြိမ်းချမ်းရေး စိတ်ဝင်စားသူတွေ ဖတ်သင့်တဲ့ ဆောင်းပါးပါ။

နောက်ထပ် ညွှန်းချင်တဲ့ Video ကတော့ NVIDIA ရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် Jensen Huang ရဲ့ COMPUTEX 2024 ဟောပြောချက်ပါ။

နောက်ထပ် YouTube Video တစ်ပုဒ်ကတော့ ထိုင်ဝမ်ရဲ့ ချပ်စ်ထုတ်လုပ်မှု AI အနာဂတ်အတွက် ပြင်ဆင်နေမှုကို တင်ပြထားတဲ့ CNA သတင်းဆောင်းပါး ဖြစ်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *