ဂျပန်နိုင်ငံမှာ ရှိတဲ့ ငလျင်အသွင်တူ စမ်းသပ်မှုဌာန (E-Defense)
ဒဲရစ် အလက်ဇန်းဒါ မူလာ (Derek Alexander Muller – https://en.wikipedia.org/wiki/Derek_Muller) ရဲ့ Veritasium YouTute Channel (https://www.youtube.com/@veritasium) ဟာ အရည်အသွေး ကောင်းမွန်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ တင်ဆက်မှုတွေ လုပ်တဲ့အတွက် နာမည်ကြီးပါတယ်။
ဒီ Channel ကို Subscribe လုပ်သူ စုစုပေါင်း ၁၈.၁ သန်းလောက် ရှိပါတယ်။ မှတ်မိလွယ်အောင် ပြောရင် Veritasium Channel ကို Subscribe လုပ်သူ အရေအတွက် မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းလောက် ရှိပါတယ်။
Veritasium ရဲ့ တင်ဆက်မှုတစ်ခုမှာ ဂျပန်နိုင်ငံမှာ တည်ဆောက်ထားတဲ့ ငလျင်အသွင်တူစမ်းသပ်မှုဌာန (E-Defense: https://en.wikipedia.org/wiki/E-Defense) အကြောင်းကို ဖော်ပြထားတယ်။ ငလျင်အသွင်တူစမ်းသပ်မှုဌာနက လုပ်နေတဲ့ Simulation ကို ပြထားတာ စိတ်ဝင်စားစရာပါပဲ။
YouTube မှာ ဒီ ဗွီဒီယိုကို မြန်မာစာတန်းထိုး ကြည့်လို့ရပါတယ်။ Sub-title Setting မှာ Burmese ကို ရွေးလိုက်ရင် ရပါတယ်။ စက်နဲ့ ဘာသာပြန်တာ ဆိုတော့ ဘာသာပြန် သိပ် မချောဘူး။ ဒါပေမယ့် မရှိသည်ထက် ရှိသည်က ပိုကောင်းပါတယ်။
မြန်မာနိုင်ငံက ပညာထူးချွန်တဲ့ ငလျင်ပညာရှင်၊ ဆောက်လုပ်ရေးပညာရှင် ၃-၄-၅ ဦးပါ အဖွဲ့တစ်ဖွဲ့လောက်ကို ဒီ Center ကို လေ့လာရေးခရီး ပို့နိုင်ရင် ကောင်းမယ်။ သူဌေးတွေအတွက် အဖွဲ့တစ်ဖွဲ့ကို လေ့လာရေးခရီးစဉ် စီစဉ်ပေးတာ ခက်ခဲတဲ့ကိစ္စ မဟုတ်လောက်ပါဘူး။