Adam Wathan နဲ့ Steve Schoger တို့ ရေးတဲ့ Refactoring UI
Adam Wathan နဲ့ Steve Schoger တို့ ရေးတဲ့ Refactoring UI စာအုပ်အကြောင်း အညွှန်းတွေ၊ ဆွေးနွေးချက်တွေ တော်တော်များများ ကြည့်ဖူး မြင်ဖူးပေမယ့် အကြောင်း မသင့်လို့ တစ်ခါမှ မဖတ်ဖူးပါဘူး။
ပြီးခဲ့ ၄-၅ ရက်တုန်းက Tailwind CSS ကို သုံးစရာ ရှိလာလို့ Background တွေ ပြန်ဖတ်ရင်းနဲ့ Refactoring UI ကို ရေးတဲ့ Adam Wathan ဟာ Tailwind CSS ကို ဖန်တီးသူဖြစ်ကြောင်း သိရပါတယ်။ ဒါနဲ့ Refactoring UI ကို အကြမ်းဖျင်း လှန်လှောကြည့်မိပါတယ်။ စာအုပ်မှာပါတဲ့ ဆွေးနွေးချက်၊ တင်ပြချက်တွေက လက်တွေ့ကျတယ်၊ အသုံးဝင်တယ်။ အရေးအသားက ရှင်းလင်း ကျစ်လစ်တယ်။
Design ကိစ္စ လုပ်နေသူတွေ ဆိုရင် ဒီ Refactoring UI စာအုပ် အပြင် White Space is Not Your Enemy: A Beginner’s Guide to Communicating Visually through Graphic, Web and Multimedia Design ကိုပါ တွဲဖတ်ရင် ပို ကောင်းမယ်၊ ပို ပြည့်စုံမယ်လို့ ထင်ပါတယ်။
