Jelly Roll ရဲ့ Liar သီချင်း
Jelly Roll ဆိုတဲ့ သီချင်းတွေ တစ်ခါမှ မကြားဖူးဘူး။ တစ်လောက YouTube ရဲ့ Recommendation System က ညွှန်းပြလို့ စပြီး နားထောင်ဖြစ်တယ်။ အခုအထိလည်း သူ ဆိုတဲ့ သီချင်းတွေ အထဲက ဒီတစ်ပုဒ်ပဲ နားထောင်ဖူးပါတယ်။
ဒီ Liar ဆိုတဲ့ သီချင်းက နားစွဲလွယ်တယ်။ စာသားတွေကတော့ သူ မူးယစ်ဆေး၊ အရက်၊ ရုပ်ဝါဒ၊ ငွေကြေးမက်မော စွဲလမ်းမှုနွံကနေ ရုန်းထွက်ဖို့၊ ဘဝကို ပြင်ဆင် ပြောင်းလဲဖို့ လုပ်တဲ့ အကြောင်းလို့ ဆိုတယ်။ ဒါကတော့ ဝီကီပီဒီးယားမှာ ရေးထားတာကို တွေ့တာပါ။
ကိုယ်ကတော့ စာသားတွေ ဘာတွေ သိပ်ပြီး ကြည့်တဲ့ နားဆင်သူ မဟုတ်ပါဘူး။ တေးသွားပုံစံကို နားထောင်ဖြစ်ပါတယ်။ ဂစ်တာ မတောက်တခေါက် တီးတတ်သူ ဆိုတော့ကာ ဂစ်တာသံ ကောင်းကောင်းလေး နားထောင်ရရင် ကြိုက်တယ်။
ဒီ သီချင်း Pr-chorus မှာ Rhythm Guitar ကို Mute လုပ်ပြီး တီးသွားတာ၊ Tempo ကို ဆွဲတင်သွားတာကို သဘောကျတယ်။ အင်မတန် နားစွဲလွယ်တဲ့ သီချင်းပါ။